(၂၅.၆.၂၀၁၈)ရက် (တနင်္လာနေ့)တွင် ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးနှင့် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ပြည်မြို့တို့ ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချို၊ သွေးချိုအနာရောဂါအကြောင်းလေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပြည်မြို့၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
၎င်းအခမ်းအနားကို သဘာပတိအဖြစ် ပြည်နယ်ဦးစီးမှူး (ငြိမ်း) ဆရာကြီး ဦးလှစည်မှ ဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် မှ ဒေါ်()နှင့်က ဆောင်ရွက်ခဲ့ပါသည်။ “ဆီးချို၊ သွေးချို အနာရောဂါအကြောင်း လေ့လာတင်ပြခြင်း” စာတမ်းကို (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပြည်မြို့မှ ဆရာဦးအောင်စိုးလွင် (ဒုတိယဆေးရုံအုပ်)ကဖတ်ကြားခဲ့ပါသည်။ ဖိတ်ကြားထားသူများနှင့် တက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုသုံးသပ်ချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။