the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဒေသနာနယသင်တန်း ၁/၂၀၁၇ (၂၁-၂-၂၀၁၇) ရက်နေ့မှ (၂၂-၃-၂၀၁၇) ရက်နေ့အထိ (မြစ်ကြီးနားတိုင်းရင်းဆေးရုံ)

ဒေသနာနယသင်တန်း(၁/၂၀၁၇)ကို (၂၁-၂-၂၀၁၇) ရက်နေ့မှ (၂၂-၃-၂၀၁၇) ရက်နေ့အထိ ခုတင် (၅၀) ဆံ့ တိုင်းရင်း ဆေးရုံ၊  မြစ်ကြီးနား မြို့တွင် ဖွင့်လှစ်ပို့ချခဲ့ သည်။ အဆိုပါ သင်တန်းတွင် သင်တန်း ဆရာအဖြစ် ပြည်နယ် ဦးစီးဌာနမှူး၊ ဒေါ်ကြည်ဌေးက သင်ကြားပို့ချခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ် တိုင်းရင်းဆေးခန်းမှူး၊ ဒုတိယ တိုင်းရင်း ဆေးမှူးနှင့် လ/ထ တိုင်းရင်းဆေးမှူးများ သင်တန်းသား၊ သင်တန်းသူ ဦးရေ စုစုပေါင်း(၃၁)ဦး တက်ရောက်ခဲ့ပါသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

 

အဆိုပါသင်တန်းတွင် ခုတင်(၅၀) ဆံ့ မိုးကောင်းတိုင်းရင်းဆေးရုံမှ လ/ထတိုင်းရင်းဆေးမှူး၊ ဒေါ်မိုးသန္တာအောင် က အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ