ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ (၂၂-၁-၂၀၁၄) မှ (၆-၆-၂၀၁၉) ရက်နေ့ အထိ လျှောက်ထားလာသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားခြင်းအတွက် ဒုတိယအကြိမ် ဓါတ်ခွဲရန် လိုအပ်သောလျှောက်လွှာ(၈)စောင် နှင့် တတိယအကြိမ်ဓါတ်ခွဲရန် လိုအပ်သောလျှောက်လွှာ (၂)စောင်၊စုစုပေါင်း (၁၀)စောင်အား ပူးတွဲပါအတိုင်းထုတ်ပြန် ကြော်ငြာလိုက်သည်။
ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာ လိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန် နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက် အရ (၆)လအတွင်း ပေးပို့ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/ လိုင်စင်များပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။