the republic of the union of myanmar

ministry of health

Department of Traditional Medicine

ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ International Cooperation Agency (TICA) မှ Masters Degree Programmes in Academic Year 2019 ဖြင့် Human Resource Development (HRD) Programme အတွက် သတ်မှတ်အရည် အချင်းနှင့်ပြည့်စုံသူများ လျှောက်ထာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

                                                                           စာအမှတ်၊ တဆပ/နဆရ/၂၀၁၉ (  ၆၉၁   )             

                                                                       ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၃  ရက် 

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

          ညွှန်ကြားရေးမှူးများ(ကုသရေး၊ သု/ဖွံ့)        

အကြောင်းအရာ။          Master Degree in Primary Health Care Management သင်တန်း အတွက် လျှောက်လွှာခေါ်ယူခြင်းကိစ္စ

ရည် ညွှန်း ချက်။        ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏(၅.၂.၂၀၁၉) ရက်စွဲ ပါ  စာအမှတ်၊ ၁(က)(၁)၂၀၁၉(၃၅၆၄)ကလရ

၁။      အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ International Cooperation Agency (TICA) မှ Masters Degree Programmes in Academic Year 2019 ဖြင့် Human Resource Development (HRD) Programme အတွက် ထိုင်းနိုင်ငံ၊ Maidol University တွင် (၂၀၁၉-၂၀၂၁) ပညာသင်နှစ်အတွင်း သင်ကြားပို့ချမည့် Master Degree in Primary Health Care Management သင်တန်းသို့ ပညာ သင်စေလွှတ်ရန်အတွက် သတ်မှတ်အရည် အချင်းနှင့်ပြည့်စုံသူများသည် သက်ဆိုင်ရာ ဦးစီးဌာနမှ တဆင့် လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါ စာဖြင့် အကြောင်းကြားလာပါသည်။

၂။  သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက်ရှိဌာနအသီးသီးမှ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသောလျှောက်ထားလိုသူဝန်ထမ်းများသည် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေး ပညာဦးစီးဌာန(ရုံးချုပ်)မှတဆင့် (၁၄.၂.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထား နိုင်ပါကြောင်း  သိရှိနိုင်ပါရန် ပူးတွဲပါအတိုင်း ဆက်လက်အကြောင်းကြားအပ်ပါသည်။

ပူးတွဲ( ၄)ရွက်

                                  

                                                                                             (ဒေါက်တာမိုးဆွေ)  

                                                                                                     ညွှန်ကြားရေးမှူးချုပ်

                            

မိတ္တူကို

  • ရုံးလက်ခံ/ မျှောစာတွဲ

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း