ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် ၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၈ ( ၂၃၀၉ )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇွန် လ ၅ရက်
သို့
တိုင်းဒေသကြီးဦးစီးဌာနမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန
မန္တလေးတိုင်းဒေသကြီး
အကြောင်းအရာ။ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) ကတ်ပြားများ ပေးပို့ခြင်း။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၈)ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်ကတ်ပြားများအား သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးများတွင် ထုတ်ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့အပ်ပါသည် -
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) - (၇၂) စောင်
(ခ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) - (၂၂) စောင်
၂။ သက်ဆိုင်ရာ တိုင်းဒေသကြီး ဦးစီးဌာနမှူးသည် သက်ဆိုင်ရာဆေးဝါးထုတ်လုပ်သည့် ပုဂ္ဂိုလ်သို့ ဆက်လက်အကြောင်းကြားဆောင်ရွက်ရန်နှင့် ပြီးစီးမှုအား ပြန်လည်တင်ပြရန် အကြောင်းကြားအပ်ပါ သည်။
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊
ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်))
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာသင်ပုန်း
ရုံးလက်ခံ/ မျှောစာတွဲ