ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၂၀ /၂၀၁၇)
စာအမှတ်၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၇(၁၀၅၉)
ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၁ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) လျှောက်ထားခြင်းနှင့် ပတ်သက်၍ လိုအပ်ချက်စာရင်းများ ထုတ်ပြန်ကြော်ငြာခြင်း။
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ (၂၈-၃-၂၀၁၆) မှ (၂၀-၁-၂၀၁၇) ရက်နေ့ အတွင်း လျှောက်ထားလာသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားခြင်း အတွက် ဒုတိယအကြိမ်ဓါတ်ခွဲရန် လိုအပ်သောလျှောက်လွှာ (၆) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာ လိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန် အသိပေးအပ်ပါသည်။
ဥက္ကဌ (ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူး (ဆေးါး/ဥယျာဉ်))
တိုင်းရင်းဆေးါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို-
၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊တိုင်းရင်းဆေးပညာဦးစီးဌာန
၃။ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)
၄။ ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့
ဆက်လက် အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
၅။ ရုံးလက်ခံ
၆။ မျှောစာတွဲ