(၁၀-၅-၂၀၁၉)၊ (၁၀-၆-၂၀၁၉) နှင့် (၄-၇-၂၀၁၉) ရက်နေ့များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ယုဇနဈေးနှင့် ပြည်စံအောင်ဈေး၊ လယ်ဝေးဈေး၊ ဒက္ခိဏဈေး ဈေးကွက်အတွင်းမှ PMS ကောက်ယူ စစ်ဆေးခဲ့သော ဆေးဝါးများအနက် ပူးတွဲပါ တိုင်းရင်းဆေးဝါး(၁)မျိုးသည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်သက်တမ်း ကုန်ဆုံးပြီး သက်တမ်းတိုးရန် ခွင့်ပြုသည့်ကာလ ကျော်လွန်နေခြင်းကြောင့် ပယ်ဖျက်စာရင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။