ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၆၄ /၂၀၁၈)
စာအမှတ် ၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၈ (၄၁၉၉)
ရက်စွဲ၊ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၃/၂၀၁၈)မှဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) (၆၃)မျိုးအား ကတ်ပြားလာရောက်ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်အသစ် လက်မှတ်များကို ရန်ကုန်/မန္တလေးတိုင်းဒေသကြီးမှအပ လာရောက်ထုတ်ယူရန်ဖြစ်ကြောင်း အသိပေး ကြော်ငြာအပ်ပါသည်။
ဥက္ကဋ္ဌ (ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)၊တိုင်းရင်းဆေးပညာဦးစီးဌာန
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး
(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ဆက်လက်အကြောင်းကြားရန်နှင့်ဆောင်ရွက်ပြီးစီးကြောင်း ပြန်လည်တင်ပြရန်)
ရုံးလက်ခံ
မျှောစာတွဲ