the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) (၁၈)စောင်၏ လိုအပ်ချက် စာရင်း ကို ထုတ်ပြန်ကြော်ငြာခြင်း

၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်း အဝေး(၂၄/၂၀၁၉) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) (၁၈)စောင်၏ လိုအပ်ချက် စာရင်း ကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစ၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင် ရွက်ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက်အရ (၆)လ အတွင်း ပေးပို့ဆောင်ရွက်ခြင်း မပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/လိုင်စင်များ ပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကို ရည်ညွှန်း၍ ပြင်ဆင်ပြီး တံဆိပ်(၃)စုံ၊ အခြားလိုအပ်ချက်များနှင့်အတူ ပိုင်ရှင်(သို့မဟုတ်)ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာဖြင့် ပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။

 

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့