၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်)ကိစ္စရပ်များနှင့်ပတ်သက်၍ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ၏ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) (၁)စောင်၏ လိုအပ်ချက်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လ အတွင်း သက်ဆိုင်ရာ လိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန် နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး(၃/၂၀၁၉) ဆုံးဖြတ်ချက်အရ (၆)လအတွင်း ပေးပို့ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/ လိုင်စင်များ ပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကို ရည်ညွှန်း၍ ပြင်ဆင်ပြီး တံဆိပ် (၃)စုံ၊ အခြားလိုအပ်ချက်များနှင့် အတူ ပိုင်ရှင် (သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။