ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ (၂၉-၁၁-၂၀၁၇) မှ (၂၄-၉-၂၀၁၉) ရက်နေ့ အထိ လျှောက်ထားလာသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားခြင်းအတွက် ထပ်မံဓါတ်ခွဲရန် လိုအပ်သောစာရင်းစုစုပေါင်း(၂၅)စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည် -
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားခြင်းအတွက် - ၂၃ စောင်
( ခ ) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားခြင်းအတွက် - ၂ စောင်
ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာ လိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန် နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက် အရ (၆)လအတွင်း ပေးပို့ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/ လိုင်စင်များပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။