the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်း(၆)မျိုးအား အား ထုတ်ပြန်ကြော်ငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

ကြော်ငြာစာအမှတ် ( ၂၁ / ၂၀၁၉)

စာအမှတ် တဆပ  / ဆဝ /  ၂၀၁၉ ( ၁၄၅၀   )

ရက်စွဲ၊  ၂၀၁၉ ခုနှစ်၊ မတ် လ    ၄        ရက်

အကြောင်းအရာ။             တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။

၁။ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၅/၂၀၁၇)၊ (၃/၂၀၁၈)၊ (၄/၂၀၁၈)၊ (၁/၂၀၁၉)တို့၏ဆုံးဖြတ်ချက်အရလိုအပ်ချက်များပြင်ဆင်ပြီးပြည့်စုံ၍ခွင့်ပြုသောတိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်)(၆)မျိုးအား (၁-၃-၂၀၁၉)ရက်နေ့ မှ(၃၁-၃-၂၀၁၉) အထိ ခွင့်ပြုခဲ့ပြီးဖြစ်ပါ၍ ကတ်ပြားလာရောက် ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

၂။ဤစာထုတ်ပြန်သည့်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပကျန်တိုင်းဒေသကြီး/ ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လ အတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါသည်။                           

         

                 

                                                              

  

ဥက္ကဋ္ဌ(ကိုယ်စား)

                                                (ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ

မိတ္တူကို-

ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန

ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်)

ရုံးလက်ခံ/မျှောစာတွဲ

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်