the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။ ကြော်ငြာစာအမှတ် ( ၉၉ /၂၀၁၇)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

ကြော်ငြာစာအမှတ် ( ၉၉ /၂၀၁၇)

                                                                 စာအမှတ်၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၇(၃၅၆၂)

                                                                 ရက်စွဲ၊ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ  ၂၉     ရက်

အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။

၁။      ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၆)၊ (၂/၂၀၁၇)၊ (၄/၂၀၁၇) တို့မှ ဆုံးဖြတ်ချက်များအရ လိုအပ်ချက်များပြင်ဆင်ပြီးပြည့်စုံ၍(၃၁-၈-၂၀၁၇)ရက်နေ့မှ(၁၉-၉-၂၀၁၇) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) (၁၁၅)မျိုးအား ကတ်ပြား လာရောက် ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက် သည်။

၂။      ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်အသစ် လက်မှတ်များကို လာရောက်ထုတ်ယူရန်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါသည်။

                                                                                               

 

ဥက္ကဋ္ဌ(ကိုယ်စား)

(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ

မိတ္တူကို

၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန

၃။ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)

၄။ ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက် အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)

၅။ ရုံးလက်ခံ

၆။ မျှောစာတွဲ

ပူးတွဲအပြည့်အစုံဖတ်ရှူပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ