ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၃၁ /၂၀၁၇)
စာအမှတ်၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၇( ၁၄၁၅ )
ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဧပြီ လ ၂၄ ရက်
အကြောင်းအရာ။ ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆)တို့မှ အစည်း အဝေးဆုံးဖြတ်ချက်အရ လိုအပ်ချက်များ ပြည့်စုံ၍ ခွင့်ပြုပြီးဖြစ်သော တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) (၄)မျိုးအား ကတ်ပြား လာရောက်ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း လာရောက်ထုတ်ယူရန် အသိပေး ကြော်ငြာအပ်ပါသည်။
ဥက္ကဌ(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူး (ဆေးါး/ဥယျာဉ်))
တိုင်းရင်းဆေးါးမှတ်ပုံတင် နှင့် လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို-
၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊တိုင်းရင်းဆေးပညာဦးစီးဌာန
၃။ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)
၄။ ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက် အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
၅။ ရုံးလက်ခံ
၆။ မျှောစာတွဲ