ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၁၅ /၂၀၁၉)
စာအမှတ် တဆပ / ဆဝ / ၂၀၁၉ ( ၁၀၆၆ )
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၂/၂၀၁၇)၊ (၁/၂၀၁၈)၊ (၃/၂၀၁၈)၊ (၄/၂၀၁၈)တို့၏ ဆုံးဖြတ်ချက်အရ လိုအပ်ချက်များပြင်ဆင်ပြီး ပြည့်စုံ၍ခွင့်ပြုသောတိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်)(၁၁)မျိုးနှင့် ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီအစည်းအဝေး (၁/၂၀၁၉) ၏ဆုံးဖြတ်ချက်အရခွင့်ပြုသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) ( ၄၄ )မျိုး၊ စုစုပေါင်း(၅၅)မျိုး အား(၁-၂-၂၀၁၉)ရက်နေ့ မှ(၂၈-၂-၂၀၁၉) အထိ ခွင့်ပြုခဲ့ပြီးဖြစ်ပါ၍ ကတ်ပြားလာရောက်ထုတ်ယူ ရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပ ကျန်တိုင်း ဒေသကြီး/ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ် ပါသည်။
ဥက္ကဋ္ဌ(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်၊တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)၊တိုင်းရင်းဆေးပညာဦးစီးဌာန
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားရန် နှင့် ဆောင်ရွက်ပြီးစီးကြောင်းပြန်လည်တင်ပြရန်)
ရုံးလက်ခံ
မျှောစာတွဲ