၁။သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများနှင့် ဗဟို တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးများ၏ဆုံးဖြတ်ချက်များအရ လိုအပ်ချက်များ ပြင်ဆင်ပြီးပြည့်စုံ၍ (၁-၄-၂၀၁၉) ရက်နေ့မှ (၃၀-၄-၂၀၁၉) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်း ဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)-(၇၆)စောင်အား ပူးတွဲပါအတိုင်းထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါး မှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။