ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ်( ၂၀၉ /၂၀၁၇)
စာအမှတ်၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၇( ၄၄၁၁ )
ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) ခွင့်ပြုစာရင်း ထုတ်ပြန်ကြော်ငြာ ခြင်း။
၁။ သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေးများနှင့် ဗဟို တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအရ လိုအပ်ချက်များ ပြင်ဆင်ပြီးပြည့်စုံ၍ (၁-၉-၂၀၁၇)ရက်နေ့မှ (၁-၁၀-၂၀၁၇)ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်း ဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) - ( ၂၄၃ )စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရန်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
ဥက္ကဋ္ဌ(ကိုယ်စား)
(ဝင်းဟန်၊ အတွင်းရေးမှူး)
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို-
၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၃။ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)
၄။ ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး
(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
၅။ ရုံးလက်ခံ/မျှောစာတွဲ