ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ (၁-၅-၂၀၁၉) ရက်နေ့မှ (၃၀-၉-၂၀၁၉) ရက်နေ့အထိ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) ကိစ္စများနှင့် ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး)(၃၆)စောင်၏လိုအပ်ချက်စာရင်းကိုပူးတွဲ ပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက်အရ (၆)လအတွင်း ပေးပို့ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက် ပြီးပါက မှတ်ပုံတင်/လိုင်စင်များပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။
ဤကြော်ငြာစာအမှတ်ကိုရည်ညွှန်း၍ ပြင်ဆင်ပြီး တံဆိပ်(၇)စုံ၊ ဆေးနမူနာ (၄)ဘူး၊ အခြားလိုအပ်ချက်များနှင့်အတူ ပိုင်ရှင်(သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင် တင်ပြစာဖြင့် ဆောလျင်စွာ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။