ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ (၁-၁-၂၀၁၉)ရက်နေ့မှ (၃၀-၄-၂၀၁၉)ရက်နေ့ အထိ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)ကိစ္စများနှင့် ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၁၈)စောင်၏ လိုအပ်ချက်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန် အသိပေးအပ်ပါသည်။
ဤကြော်ငြာစာအမှတ်ကိုရည်ညွှန်း၍ ပြင်ဆင်ပြီး တံဆိပ်(၇)စုံ၊ ဆေးနမူနာ (၄)ဘူး အခြား လိုအပ်ချက်များနှင့်အတူ ပိုင်ရှင်(သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာဖြင့် ဆောလျင်စွာ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။