the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်လျှောက်ထားလာသော မျက်စဉ်းဆေး၊နားထည့် ဆေးများနှင့်ပတ်သက်၍ ဖြည့်စွက်အကြောင်းကြားခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၁။       အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၉) ဆုံးဖြတ်ချက်အရ မျက်စဉ်းဆေး၊ နားထည့်ဆေးများ တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားလာပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ဌာနမှ ဓာတ်ခွဲပုံစံဖြင့် ဓာတ်ခွဲ ပေးပို့ရန်နှင့် ထိုသို့ပေးပို့ရာတွင် ဆေးဝါးဓာတုစစ်ဆေးရန်အတွက် ၎င်းဆေးများတွင် ပါဝင်သည့် Ingredient List, Certificate of Analysis (COA)နှင့် Manufacturer Method များပူးတွဲပေးပို့ရမည်ဖြစ် ကြောင်း သက်ဆိုင်ရာလုပ်ငန်းရှင်များအား အသိပေးနိုင်ရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားခဲ့ပါသည်။

၂။       အဆိုပါကိစ္စနှင့်ပတ်သက်၍ မျက်စဉ်းဆေး၊ နားထည့်ဆေးလျှောက်ထားလိုသူ လုပ်ငန်းရှင်များက လိုအပ်ချက်များနှင့်ပတ်သက်၍ မေးမြန်းလာပါသဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏   အကြောင်းပြန်ကြားချက်အရ ဆေးဝါးအဏုဇီဝဓာတ်ခွဲခန်းတွင် Sterility Test စစ်ဆေးနိုင်ရန်အတွက် ဓာတ်ခွဲရန် လိုအပ်သည့် ဆေးနမူနာအရေအတွက်မှာ 5ml sample တစ်မျိုးအတွက် (၅)လုံး၊ 3ml sample တစ်မျိုးအတွက် (၁၀) လုံးပေးပို့ရန်လိုအပ်ပြီးဓာတ်ခွဲစမ်းသပ်စစ်ဆေးခမှာနမူနာ (၁)မျိုးအတွက် ကျပ်ငွေ (၁၀၀,၀၀၀ိ) (တစ်သိန်းကျပ်တိတိ) ကျသင့်ပါကြောင်း နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင် ထားသော အချက်အလက်များနှင့် ဓာတ်ခွဲစစ်ဆေးချက်အဖြေများပါဝင်သော Certificate of Analysis (COA) အားပူးတွဲ ပေးပို့ရန်လိုအပ်ပါကြောင်း ထပ်မံဖြည့်စွက်ထားသောအချက်များအား သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ အသိပေးနိုင်ရန် အကြောင်းကြားပါသည်။

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း