ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ်၊တဆပ/ဆေးဝါး/၂၀၁၈(၂၁၇၅)
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မေ လ ၂၉ ရက်
သို့
တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန
----------------------- တိုင်းဒေသကြီး/ ပြည်နယ်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်ကတ်ပြားများ ထုတ်ယူရာတွင် လိုက်နာ ဆောင်ရွက်ရန်ကိစ္စ
၁။ အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် တွင် (၂၂-၅-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/ ၂၀၁၈) ဆုံးဖြတ်ချက် အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်ကတ်ပြားများကို လွယ်ကူစွာ ထုတ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးရုံးများမှ တဆင့် ထုတ်ပေးသွားရန် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ ညွှန်ကြားချက်အား တိကျစွာလိုက်နာဆောင်ရွက်ရန် အကြောင်း ကြားပါသည်-
(က) ပေးသွင်းရမည့်ငွေအား သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး ငွေထုတ် စာရင်းများသို့ ဤစာထုတ်ပြန်သည့်နေ့မှစ၍ လက်ခံပေးသွင်းစေရန်နှင့် ငွေသွင်းချလံ များအား ဦးစီးဌာနများမှ လိုက်နာကျင့်သုံးရသည့် ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်း ညွှန်ကြားချက်နှင့် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်း ပြုစု၍ ဦးစီးဌာန(ရုံးချုပ်)သို့ ရေးဆွဲတင်ပြရန်။
(ခ) လအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ ဆေးဝါးနှင့်ဥယျာဉ်ဌာန(ခွဲ)သို့ လ၏နောက်ဆုံး ပတ်အရောက် ပြန်လည် တင်ပြရန်။
(ဂ) သတ်မှတ်ငွေကြေးနှုန်းထား ပေးသွင်းရာတွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်/ သက်တမ်းတိုး) ထုတ်လုပ်ခွင့်လိုင်စင် (အသစ်/သက်တမ်းတိုး/ဖြည့်စွက်)ကတ်ပြားများ နှင့်အတူ ပေးပို့သည့် စာရင်းတွင်ပါရှိသည့်အတိုင်း ပေးသွင်းရန်။
ပူးတွဲ
တိုင်းရင်းဆေးပညာဦးစီးဌာနသို့ ပေးပို့ရမည့် လအလိုက်ဆောင်ရွက်ပြီးစီးမှု စာရင်း (နမူနာပုံစံ)
(ကျော်သိန်းဌေး)
ခေတ္တညွှန်ကြားရေးမှူးချုပ်
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာ)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ရုံးလက်ခံ/ မျှောစာတွဲ