၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ ၂၀၁၉ခုနှစ် ဧပြီလ မှ ၂၀၁၉ခုနှစ် ဒီဇင်ဘာလအထိ လျှောက်ထားခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်များ (အထွေထွေ ပြောင်းလဲ ခွင့်လျှောက်ထားခြင်း) ကိစ္စရပ်များနှင့်ပတ်သက်၍ အထွေထွေပြောင်း လျှောက်လွှာ (၆) စောင်၏ လိုအပ်ချက် စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန် ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ် ချက်အရ (၆)လအတွင်း ပေးပို့ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/လိုင်စင်များပျက်ပြယ်ကြောင်းကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကိုရည်ညွှန်း၍ လိုအပ်ချက်များကို ပိုင်ရှင်က လက်မှတ်ရေးထိုး၍ တင်ပြစာဖြင့် အခြားလိုအပ်ချက်များနှင့်အတူပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။