ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးထုတ်လုပ် ခွင့်လိုင်စင် (ဖြည့်စွက်) များအနက်မှ (၁.၈.၁၉) ရက်နေ့မှ (၃၀.၈.၁၉) ရက်နေ့အထိ ခွင့်ပြုပြီးဖြစ်သော (၁၈) စောင်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ် လုပ်ခွင့်လိုင်စင် (ဖြည့်စွက်) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။