Online မှတဆင့် e. Services လုပ်ငန်းများဖြစ်သော တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး)နှင့် တိုင်းရင်းဆေးဝါးကြော်ငြာဆိုင်ရာကိစ္စရပ်များကို (၂၀-၁-၂၀၂၀) ရက်နေ့ တနင်္လာနေ့မှစတင်၍ Online စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
• အဆိုပါ လုပ်ငန်းစဉ်တွင် တိုင်းရင်းဆေးဝါးကြော်ငြာဆိုင်ရာကိစ္စရပ်များကို Online Payment တစ်မျိုးတည်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)ခြင်းအား ယခုလောလောဆယ်တွင် Online Payment အနေဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များ အနေဖြင့် Online သို့ မတက်ရောက်နိုင်သေးပါက ယခုလောလောဆယ်တွင် ယခင်ပုံစံအတိုင်းဖြင့် လည်းကောင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
• Online မှ မိုဘိုင်းစနစ်ဖြင့်ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်သည် ငွေပေးချေခြင်းအား Easy Pay MMM ဖြင့် အကောင့်ဖွင့်ပြီး ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
(Easy Pay ချိတ်ဆက်ဆောင်ရွက်ပုံနည်းလမ်းများအသေးစိတ်ကိုဖော်ပြပေးပါမည်)
• ထုတ်လုပ်သူလုပ်ငန်းရှင်အနေဖြင့် ဌာနမှ အကြောင်းပြန်ကြားလျှင် လက်ခံနိုင်မည့် email account ရှိရပါမည်။
(ဦးစီးဌာနဘက်မှ အတည်ပြုပြီးကြောင်းကို အီးမေးဖြင့် လျှောက်ထားသူထံ ပြန်လည်ပေးပို့ရန် ဖြစ်ပါသည်)
DTM Website မှတဆင့် e. services ထဲသို့ ဝင်ရောက်ပုံအဆင့်ဆင့်ကို ဖော်ပြ ထားပါသည်။