ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ်( ( ၇၆ / ၂၀၁၈)
စာအမှတ် တဆပ/ ဆဝ /၂၀၁၈( ၅၃၈၂ )
ရက်စွဲ၊ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ လ ၂၉ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) ခွင့်ပြုစာရင်း ထုတ်ပြန်ကြော်ငြာ ခြင်း
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၈) ၏ ဆုံးဖြတ် ချက်အရ ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်) (၂၈)စောင် စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့မှစ၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပ ကျန်တိုင်းဒေသ ကြီး/ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လ အတွင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်(အသစ်) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
ဥက္ကဋ္ဌ(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(သက်ဆိုင်ရာလုပ်ငန်းရှင်
များသို့ ဆက်လက် အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
ရုံးလက်ခံ/မျှောစာတွဲ