ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် ၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၈ ( ၃၆၀၉ )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ သြဂုတ် လ ၂၄ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) ခွင့်ပြုစာရင်း ထုတ်ပြန်ကြော်ငြာခြင်း
၁။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ သက်ဆိုင်ရာသက်တမ်းရှိ မှတ်ပုံတင်များပြည့်စုံပြီးဖြစ်ပါ၍ (၂၉-၆-၂၀၁၈) မှ (၈-၈-၂၀၁၈) အတွင်းခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) စာရင်းကို ပူးတွဲပါ အတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည် -
- တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) - ၇၆ စောင်
၂။ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ကတ်ပြားများ ထုတ်ယူခြင်းကို ဤစာထုတ်ပြန်သည့်နေ့မှ (၃)လအတွင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
ဥက္ကဋ္ဌ (ကိုယ်စား)
(ဝင်းဟန်၊ အတွင်းရေးမှူး)
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို-
၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၂။ ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်)
၃။ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ဆက်လက် အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
၄။ ရုံးလက်ခံ/မျှောစာတွဲ