ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၁၉)ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်) ခွင့်ပြုစာရင်း(၆၉)စောင်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ် လုပ်ခွင့်လိုင်စင် (အသစ်) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။