ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးထုတ်လုပ် ခွင့်လိုင်စင်ဖြည့်စွက်များအနက်မှ (၁-၄-၂၀၂၀) မှ (၃၁-၅-၂၀၂၀) ရက်နေ့ထိ ခွင့်ပြုပြီးဖြစ်သော တိုင်းရင်း ဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်) (၅) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင် (ဖြည့်စွက်) လက်မှတ်များကို ထုတ်ယူရမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။