၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်) ကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာဗဟိုတိုင်းရင်း ဆေးဝါး ကြီးကြပ်ရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအရ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) (၇)စောင်၏ လိုအပ်ချက်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍(၃)လ အတွင်းသက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင် ရွက်ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက်အရ (၆)လ အတွင်းပေးပို့ဆောင်ရွက်ခြင်းမပြုပါကပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါကလိုင်စင်(အသစ်)လျှောက်ထား ခြင်းအားပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကိုရည်ညွှန်း၍ အခြားလိုအပ်ချက်များနှင့်အတူပိုင်ရှင်(သို့မဟုတ်) ကြီးကြပ်သူ မှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။