တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်တွင် “ဆီးချိုကြောင့်ဖြစ်သော သွေးကြောပိတ်နာ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း
(၂၃. ၆. ၂၀၁၈) ရက်(စနေနေ့)တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံ့ဖြိုးရေးဌာနစိတ်နှင့် ခုတင်(၁၀၀)ဆံ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တို့ ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ” ခေါင်းစဉ်ဖြင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။
၎င်းအခမ်းအနားကိုအစီအစဉ်(၇)ရပ်ဖြင့်ကျင်းပပြီး သဘာပတိအဖြစ် ဆရာကြီး ဦးအောင်ကျော်မင်း(ပါမောက္ခ/ဌာနမှူး(ငြိမ်း))၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမှဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဒေါ်ခင်ဆွေမော် (ဒု-တိုင်းရင်းဆေးမှူး)နှင့်တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်နန်းမြတ်ပန်းအိသွယ် (လ/ထ-တိုင်းရင်းဆေးမှူး)တို့ကဆောင်ရွက်ခဲ့ပါသည်။ “ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ”စာတမ်းကိုခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆရာမဒေါ်အေးမြသိင်္ဂီ (တိုင်းရင်းဆေးမှူး)ကဖတ်ကြားပြီးဆရာ၊ ဆရာမ(၄၈)ဦးတက်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထားသူများနှင့် တက်ရောက်လာသောဆရာ/ဆရာများမှ မေးမြန်းဆွေးနွေးမှု့များနှင့်အကြံပြုသုံးသပ် ချက်များကိုဆရာ/ဆရာမကြီးများကပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကို နံနက် (၁၂:၀၀)နာရီတွင် ပြီးဆုံးခဲ့ပါသည်။