the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံးနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များသို့ အသိပေးနှိုးဆော်ချက်

တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်းရှင်များအနေဖြင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်/သက်တမ်းတိုး)၊ အထွေထွေကိစ္စရပ်များ လျှောက်ထားရာတွင် တံဆိပ်၌ ရေးသားထား သော စာလုံးပေါင်းသတ်ပုံများ မှန်ကန်စွာရေးသားဖော်ပြရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ဉီးစီးဌာနမှူးရုံးများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများသို့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း များထားရှိရန် (၁၂-၉-၂၀၁၇) ရက်စွဲပါစာအမှတ်၊တဆပ/ဆေးဝါး/၂၀၁၇(၃၂၇၆) ဖြင့် အကြောင်း ကြားခဲ့ပါသည်။ သို့ရာတွင် အချို့တံဆိပ်ပတ်၊ ဘူးချိုး၊ အတွင်းညွှန်းများတွင် စာလုံးပေါင်းသတ်ပုံ ကိုက်ညီမှုမရှိပါသဖြင့် စိစစ်၍ ပြန်လည်ပြင်ဆင်ခြင်းများဆောင်ရွက်ရပါသဖြင့် ထိုကဲ့သို့ ကြန့်ကြာ မှုမရှိစေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနမှ ထုတ်ဝေသော မြန်မာစာလုံး ပေါင်းသတ်ပုံကျမ်းနှင့်ခွဲထားစာအုပ်(ပူးတွဲဖော်ပြပါ) ဖြင့် တိုက်ဆိုင်စိစစ်၍ လျှောက်ထားပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
 
 
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ