(၂၉.၆.၂၀၁၈)ရက်(သောကြာနေ့)တွင်တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊မြိတ်ခရိုင်တိုင်းရင်းဆေးဆရာအသင်းနှင့့််မြိတ်ခရိုင်အတွင်းရှိ တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုသွေးချိုအနာရောဂါ” ခေါင်းစဉ်ဖြင့် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ မြိတ်မြို့၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
၎င်းအခမ်းအနားတွင် “ဆီးချိုသွေးချိုအနာရောဂါ” စာတမ်းကိုမှ ဆရာဦးစိုးမင်းထက်ကဖတ်ကြားပြီး ပြင်ပတိုင်းရင်းဆေးဆရာ(၆)ဦးနှင့် ဝန်ထမ်းတိုင်းရင်းဆေးဆရာ၊ ဆရာမ(၁၀)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဖိတ်ကြား ထားသူများနှင့် တက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်း ဆွေးနွေးမှုများနှင့် အကြံပြုသုံးသပ်ချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပါသည်။