အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ယုဇနဈေးနှင့် ပြည်စံအောင်ဈေး၊ လယ်ဝေးဈေး၊ ဒက္ခိဏဈေးများတွင် (၁၀-၅-၂၀၁၉)၊ (၁၀-၆-၂၀၁၉) နှင့် (၄-၇-၂၀၁၉) ရက်နေ့များက PMS ကောက်ယူစစ်ဆေးခဲ့သော ဆေးဝါးများ အနက် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ရှိသော်လည်း သတ်မှတ်ချက်မပြည့်စုံသော ဆေးဝါး (၁၁) မျိုး အား (၄၅)ရက်အတွင်း သတ်မှတ်ချက်နှင့်ကိုက်ညီအောင် ပြင်ဆင်ရန်၊ တိုင်းရင်းဆေးပညာဦးစီး ဌာန(ရုံးချုပ်)၌ ကတိဝန်ခံချက် လက်မှတ်ရေးထိုးနိုင်ရန်အတွက် အကြောင်းကြားပါသည်။