ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၈၁ /၂၀၁၈)
စာအမှတ် တဆပ / ဆဝ / ၂၀၁၈ ( ၅၆၄၃ )
ရက်စွဲ၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာ လ ၁၃ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၁/၂၀၁၆)၊(၂/၂၀၁၆)၊ (၂/၂၀၁၇)၊ (၄/၂၀၁၇)၊(၅/၂၀၁၇)၊(၁/၂၀၁၈)၊(၃/၂၀၁၈)တို့၏ဆုံးဖြတ်ချက်အရ လိုအပ်ချက်များပြင်ဆင်ပြီး ပြညစုံသောတိုင်းရင်းဆေဝါး(၃၆)မျိုး၊ ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၄/၂၀၁၈)၏ဆုံးဖြတ်ချက်(၄-က)၊(၄-ခ)အရ ခွင့်ပြုသောတိုင်းရင်းဆေးဝါး(၅၀)မျိုး တိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်)စုစုပေါင်း(၈၆)မျိုးအား(၁-၁၁-၂၀၁၈)ရက်နေ့မှ (၃၀-၁၁-၂၀၁၈) အထိ ခွင့်ပြုခဲ့ပြီးဖြစ်ပါ၍ ကတ်ပြားလာရောက်ထုတ်ယူရန်ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင်(၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)လက်မှတ်များက ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေး ကြော်ငြာအပ်သည
ဥက္ကဋ္ဌ(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားရန် နှင့် ဆောင်ရွက်ပြီးစီးကြောင်းပြန်လည်တင်ပြရန်)
ရုံးလက်ခံ
မျှောစာတွဲ