the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ မန္တလေး CTME “ဆီးချိုအနာ”

(၁၄.၆.၂၀၁၈)ရက် (ကြာသပတေးနေ့)တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်း ဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုအနာ” ခေါင်းစဉ်ဖြင့် ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ မန္တလေး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ပါသည်။

၎င်းအခမ်းအနားတွင်သဘာပတိအဖြစ် ဆရာကြီးဦးမြင့်လွင်တိုင်းရင်းဆေးသိပ္ပံကျောင်းအုပ်(ငြိမ်း)၊ တိုင်းရင်းဆေးအကြံပေးအဖွဲ့၊ အဖွဲ့ဝင်နှင့် ဆရာကြီးဦးတင်၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန(ရုံးချုပ်) နေပြည်တော် တို့မှဆောင်ရွက်ပြီး၊ “ဆီးချိုအနာ”စာတမ်းကို ဆရာမဒေါ်ခင်သူဇာ (လ/ထတိုင်းရင်းဆေးမှူး)က ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးနှင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှဝန်ထမ်းများ၊ ဖိတ်ကြားထားသူများနှင့်  အလုပ်သင်ဆရာ၊ ဆရာမများစုစုပေါင်း(၆၂)ဦးတို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုသုံးသပ်ချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီးအခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

 

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်