(၂၈.၆.၂၀၁၈)ရက် (ကြာသပတေးနေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်ကျ င်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုသွေးချိုအနာ” ခေါင်းစဉ်ဖြင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
၎င်းအခမ်းအနားတွင် “ဆီးချိုသွေးချိုအနာ”စာတမ်းကိုခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှတိုင်းရင်းဆေးမှူးဆရာဦးဆန်းလင်းက ဖတ်ကြားဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှဝန်ထမ်းများ၊ ဖိတ်ကြားထားသူများစုစုပေါင်း(၄၆)ဦးတို့တက်ရောက်ခဲ့ပြီးတက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုသုံးသပ်ချက်များကို ပြန်လည် ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။