the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကြော်ငြာစာ

 တိုင်းရင်းဆေးကောင်စီမှကြီးမှူး၍ ရှေးဟောင်းမြန်မာ့တိုင်းရင်းဆေးကျမ်းများဆိုင်ရာ စာပေပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ပြိုင်ပွဲဝင်ရောက်မည့် တိုင်းရင်းဆေးဆရာ (တဆ)မှတ်ပုံတင်ရှိသူ တိုင်းရင်းဆေးသမားတော်များသည် အောက်ပါဆေးကျမ်း (၃) ကျမ်းကို (ရေးဖြေ) ဖြေဆိုရမည်ဖြစ်ပါသည်။

                  ၁။ နရသုခိကျမ်းရင်းနှင့် စကားပြေကျမ်း (ဦးဟန်ထွန်း)

                 ၂။ ခံဗူးကုထုံးကျမ်း (ခံဗူးဆရာတော်)

                  ၃။ ဒဗ္ဗဂုဏပကာသနီကျမ်း (ပဒုမမထေရ်မြတ်)

      

   ဆေးကျမ်းဖြေဆိုအောင်မြင်သူများထဲမှ ပထမဆု (ငါးသိန်းကျပ်)၊ ဒုတိယဆု (လေးသိန်းကျပ်) တတိယဆု (သုံးသိန်းကျပ်) နှစ်သိမ့်ဆုရသူ (တစ်သိန်းကျပ်) စီ ဆုချမည် ဖြစ်ပါသည်။

 

ကျင်းပမည့်အစီအစဉ်

        အချိန် - နံနက်(၉:၀၀)နာရီမှ (၁၂:၀၀)နာရီထိ

       (နရသုခိကျမ်းရင်းနှင့်စကားပြေကျမ်း၊ ခံဗူးကုထုံးကျမ်း)

       နေ့လယ် (၁:၀၀) နာရီမှ (၄:၀၀)နာရီထိ၊ (ဒဗ္ဗဂုဏပကာသနီကျမ်း)

       နေ့ရက်- ၅-၁၁-၂၀၁၆၊ (စနေနေ့)

       နေရာ - တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)

 

မှတ်ချက်။ ဖြေဆိုမည့် (တဆ) ရှိသူ တိုင်းရင်းဆေးဆရာအားလုံးသည် တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ရုံးအမှတ် (၄၇)၊ နေပြည်တော်သို့ သက်တမ်းရှိသော (တဆမိတ္တူ)နှင့်အတူ အမည် စာရင်းများကို (၁၆-၁၀-၂၀၁၆) ရက်နေ့အထိ နောက်ဆုံးထားပေးပို့ပါရန် အကြောင်းကြား ပါသည်။ ဖြေဆိုခွင့်ရှိသူများကို (၂၆-၁၀-၂၀၁၆) ရက်နေ့တွင် ကြော်ငြာသွားပါမည်။

တိုင်းရင်းဆေးကာင်စီ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ