ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ကတ်ပြားများအား သက်ဆိုင်ရာခရိုင်ဦးစီးဌာနမှူးရုံးတွင် ထုတ်ပေးနိုင်ပါရန်အတွက် အောက် ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -
တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) - (၂) စောင်
ခရိုင်တိုင်းရင်းဆေးမှူးသည် သက်ဆိုင်ရာဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားဆောင်ရွက်ရန်၊ (၃) လအတွင်း လာရောက်ထုတ်ယူရန်အတွက် ခွင့်ပြုကြော်ငြာစာထုတ်ပြန်ရန်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်၊ သတ်မှတ်ကာလ အတွင်း ထုတ်ယူခြင်းမရှိပါက လုပ်ငန်းရှင်ထံသို့ ထပ်မံ၍ သတိပေးစာထုတ်ပြန်ရန် အကြောင်းကြားပါသည်။