ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ်၊တဆပ/ဆေးဝါး/၂၀၁၆( )
ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ မေလ ရက်
သို့
တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန
---------------------------------- တိုင်းဒေသကြီး/ပြည်နယ်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်/ထုတ်လုပ်ခွင့်လိုင်စင် သက်တမ်းတိုးခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားခြင်း။
ရည် ညွှန်း ချက်။ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၏ (၂၅-၁-၂၀၁၆)ရက်စွဲပါ စာအမှတ်၊ တဆပ/ဆေးဝါး/၂၀၁၆(၁၁)။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ရည်ညွှန်းပါစာအရ တိုင်းရင်းဆေးဝါးထုတ်လုပ် ခွင့်လိုင်စင်(အသစ်/သက်တမ်းတိုး/ဖြည့်စွက်)နှင့် မှတ်ပုံတင်(သက်တမ်းတိုး) သက်တမ်းလွန်လျှောက် ထားခြင်းများအား သက်တမ်းလွန်သည့် ကာလများနေမှုများရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် သက်တမ်း လွန်သည့်ကာလအား (၂)နှစ်အထိ သက်ဆိုင်ရာသက်တမ်းလွန်ကြေးပေးဆောင်၍ လျှောက်ထားခြင်း များ ပြုလုပ်နိုင်ပါကြောင်း ခွင့်ပြုခဲ့ပါသည်။
၂။ ယခုအခါ တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၄/၂၀၁၆) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်/ဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် သက်တမ်းမပြည့်မီ (၃)လ ကြိုတင်လျှောက်ထားနိုင်ပြီး (၃)လအထိသာ နောက်ကျခွင့်ရှိမည် ဖြစ်သဖြင့် (၃)လထက် နောက်ကျပါက အလိုအလျောက် သက်တမ်းပျက်ပြယ်မည် ဖြစ်ပါသည်။
၃။ အထက်ပါညွှန်ကြားချက်မှာ (၃၁-၈-၂၀၁၆)ရက်နေ့ နောက်ပိုင်းမှ စတင်၍ အသက်ဝင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁-၉-၂၀၁၆)ရက်နေ့မှစ၍ သက်တမ်းလွန်ခြင်းအား (၃)လထက် နောက်ကျခွင့်မရှိပါကြောင်း သက်တမ်း(၃)လထက်နောက်ကျပါက သက်တမ်းပျက်ပြယ်မည် ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်များသို့ သက်တမ်းမလွန်မီ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးအတွက် အကြောင်းကြား ပေးရန် ညွှန်ကြားချက်ဖြင့် ပေးပို့ပါသည်။
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်)
မိတ္တူကို -
၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၃။ ရုံးလက်ခံ
၄။ မျှောစာတွဲ