the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တွေ့ဆုံပွဲ

၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရုံးအမှတ် (၄၇)ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ 

အခမ်းအနားကို အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစိန်ဝင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ကောင်စီ ဥက္ကဋ္ဌ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးပေါညိမ်း၊ တိုင်းရင်းဆေး တက္ကသိုလ်၊ တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးပညာရှင်များ ထွက်ပေါ်လာစေရေးအတွက် တိုင်းရင်းဆေး တက္ကသိုလ်၏ လိုအပ်ချက်များကို အထူးအလေးထားဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး တိုင်းရင်းဆေးကဏ္ဍ ယခုထက်ပိုမိုတိုးတက်စေရေးအတွက် အိန္ဒိယနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံများနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ထိုးခြင်းကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးဆိုင်ရာ အသုံးချ သုတေသနလုပ်ငန်းများကိုလည်း ယခုထက်တိုးမြှင့် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းစသည့် အဖွဲ့အစည်းများ အနေဖြင့် တိုင်းရင်းဆေးကဏ္ဍ ယခုထက်ပိုမိုတိုးတက်စေရေးနှင့် ပြည်သူများအားအာနိသင်ထက်မြက်ပြီး စစ်မှန်သောတိုင်းရင်းဆေးဝါးများ ဖြင့်အလုပ်အကျွေးပြု နိုင်ရေး အားလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်နှင့် တိုင်းရင်းဆေးကောင်စီ ဥက္ကဌ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်  ဦးကျော်သိန်းဌေး တို့က လက်ရှိဆောင်ရွက်ချက်အခြေအနေများကို ဆွေးနွေးတင်ပြသည်။

          ယင်းနောက် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားကို နေ့လယ် (၂:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် ရုံးအမှတ်(၄၇) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးရှေ့မျက်နှာစာတွင် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ