the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကချင်ပြည်နယ်သို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ကတ်ပြားများ ပေးပို့ခြင်း

 

၁။  အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ခွင့်ပြုပြီးဖြစ်သော်လည်းကတ်ပြားလာရောက် ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(၁၆၅)စောင် နှင့် ထုတ်လုပ်ခွင့်လိုင်စင်(၃၁)စောင်၊ စုစုပေါင်း(၁၉၆)စောင်အနက် သက်တမ်းတိုးရန်ခွင့်ပြုသည့်ကာလ (၂)နှစ်(၆)လ (၂၀၁၇ခုနှစ်-ဇူလိုင် လမှ ၂၀၁၉ခုနှစ်-ဒီဇင်ဘာလထိ)အတွင်း အကျုံးဝင်သော မှတ်ပုံတင်/လိုင်စင်များအား ဗဟိုတိုင်းရင်း ဆေးဝါး ကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၄/၂၀၁၉) ဆုံးဖြတ်ချက် (၈-ည) အရ သက်ဆိုင်ရာ ပြည်နယ်ဦးစီးဌာနမှူးရုံးတွင် ထုတ်ပေးနိုင်ပါရန်အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေး ပို့ပါသည်-

          (က)    တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး)          -         (၃)စောင်

          ( ခ )   တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သစ်)           -         (၁) စောင်

၂။ ပြည်နယ်ဦးစီးဌာနမှူးသည် သက်ဆိုင်ရာဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များသို့ ဆက် လက်အကြောင်းကြားဆောင်ရွက်ရန်၊ (၃)လအတွင်း လာရောက်ထုတ်ယူရန်အတွက် ခွင့်ပြုကြော်ငြာ စာထုတ်ပြန်ရန်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်၊ သတ်မှတ်ကာလအတွင်း ထုတ်ယူခြင်းမရှိပါကလုပ်ငန်းရှင်ထံသို့ ထပ်မံ၍ သတိပေးစာထုတ်ပြန်ရန် အကြောင်းကြားပါသည်။ 

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ