the republic of the union of myanmar

ministry of health

Department of Traditional Medicine

Drug News

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင် ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။

၂။       ယင်းသို့စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါတိုင်းရင်း ဆေးဝါးသည် အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်သဖြင့်  စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော် ကြောင်း အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုပါ

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး(၁/၂၀၁၆)၊ (၂/၂၀၁၆)၊(၁/၂၀၁၇)၊ (၂/၂၀၁၇)၊ (၄/၂၀၁၇)၊ (၅/၂၀၁၇)၊ (၁/၂၀၁၈)၊ (၂/၂၀၁၈)၊ (၃/၂၀၁၈)၊ (၄/၂၀၁၈) နှင့် (၁/၂၀၁၉) တို့၏ ဆုံးဖြတ်ချက်အရ  လိုအပ်ချက်များ ထုတ်ပြန်ကြော်ငြာထားရှိပြီးဖြစ်သော်လည်း ပြင်ဆင်ရန် ကျန်ရှိသောတိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)(၈၄)မျိုးအားစာရင်းပြုစု၍ပူးတွဲပါအတိုင်း ထုတ်ပြန် ကြော်ငြာလိုက်သည်။

ဆက်လက်ဖတ်ရှုပါ

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးထုတ်လုပ် ခွင့်လိုင်စင် (ဖြည့်စွက်) များအနက်မှ (၃.၆.၁၉) ရက်နေ့မှ (၁၄.၆.၁၉) ရက်နေ့ထိ ခွင့်ပြုပြီးဖြစ်သော (၁၉) စောင်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

ဆက်လက်ဖတ်ရှုပါ

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၂/၂၀၁၇)၊ (၄/၂၀၁၇) (၃/၂၀၁၈)၊ (၁/၂၀၁၉)၊(၂/၂၀၁၉)တို့၏ဆုံးဖြတ်ချက်အရလိုအပ်ချက်များပြင်ဆင်ပြီးပြည့်စုံ၍ခွင့်ပြုသော တိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်) (၂၀)မျိုးအား (၁-၆-၂၀၁၉)ရက်နေ့မှ (၃၀-၆-၂၀၁၉)အထိ ခွင့်ပြုခဲ့ပြီးဖြစ်ပါ၍ ကတ်ပြား လာရောက်ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း