(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုကွင်းဆင်း ဆေးကုသခြင်း (၁.၁၂.၂၀၂၅)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြိုနယ် တိုင်းရင်းဆေးကုဌာနမှ လ/ထ တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည်ကွမ်းခြံကုန်းမြိုနယ် အ.ထ.က တောကျောင်းတွင် ကျောင်းသားကျောင်းသူ (၇၅၀) ဦးအား တိုင်းရင်းဆေး ပညာအကြောင်း သိကောင်းစရာအကြောင်းဟောပြောခဲ့ပြီး လူကြီး ကျား(၄၅) ဦး၊ လူကြီး မ(၆၁) ဦး စုစုပေါင်း (၁၀၆)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။