ပျော်ဘွယ်မြို့၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေးသမား တော်များ ညီလာခံနှင့် မြန်မာတိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဒုတ်ယဆေးရုံအုပ် ဒေါ်သက်နှင်းဦး ဦးဆောင်သောအဖွဲ ၂.၁၂.၂၀၂၅ ရက်နေ့ နံနက် ၉ နာရီမှ နေ့လယ် ၁နာရီထိ ဒဟတ်ကုန်းအုပ်စု ညောင်ပွင့်ကျေးရွာတွင် လူဦးရေ(၅၀)အား ဆောင်းရာသီတွင် ဖြစ်တတ် သောရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့်ကျားကြီး ၁၈ဦး မကြီး ၇၃ ဦး ကျား လေး ၂ဦး မလေး ၃ ဦး စုစုပေါင်း (၉၆) ဦးကို ကွင်းဆင်းဆေးကုသမှုများပေးခဲ့ပါကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

