the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပ

၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်၊ နံနက်ပိုင်းတွင် ကျင်းပရာ သဘာပတိအဖြစ်  ဒေါက်တာစုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ဆောင်ရွက်ပြီး  သဘာပတိ အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ၊ ဦးသိန်းဝင်းနှင့်  မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦးတို့က ဆောင်ရွက်ခဲ့ပါသည်။

 (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် ပြည်သူလူထုအကျိုးပြု အဆိုပြုချက် (၄)ခုကို တင်ပြဆွေးနွေးကြမည်ဖြစ်ပါသည်။ 

 နေ့လယ်ပိုင်းတွင် ညီလာခံ ကိုယ်စားလှယ်များအား နေပြည်တော်တစ်ဝိုက်ရှိ အမျိုးသား ပရဆေးဥယျာဉ်၊ မာရဝိဇယရုပ်ပွားတော်တို့သို့ လေ့လာရေး ပို့ဆောင်ပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ
ခြေဖနောင့်နာခြင်းအား တိုင်းရင်းဆေးပညာဖြင့် ကာကွယ်စောင့်ရှောက်ခြင်း
ဆောင်းဉတုအတွက်တိုင်းရင်းဆေးပညာအရ ကျန်းမာရေးစောင့်ရှောက်ခြင်း၂၀၂၄ ရေဒီယိုTALK
အဆီတိုးရောဂါအကြောင်းသိကောင်းစရာ