ဧရာဝတီတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ (၁၀-၁-၂၀၂၆) ရက်၊ စနေနေ့တွင် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ သီရိဝဏ္ဏ ဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ကျား (၁၄)ဦး၊ မ (၂၇)ဦး၊ စုစုပေါင်း (၄၁)ဦးတို့ အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

