ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြိုနယ် တိုင်းရင်းဆေးကုဌာနမှ(၁၆-၁-၂၀၂၆) ရက်နေ့တွင် ကျုံရှကျေးရွာ အ.ထ.က ကျောင်း၌ ကျောင်းကျန်းမာရေးဆောင်ရွက်ပေးခဲ့ရာ ကြက်သွန်ဖြူ၏ဆေးဖက်အသုံးဝင်ပုံအကြောင်းကို လူဦးရေ (၁၉၈)ဦးအား အသိပညာပေးဟောပြောပေးခဲ့ပြီး ကျား (၂၀)ဦး၊ မ (၂၆)ဦး၊ စုစုပေါင်း (၄၆)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

