ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၉-၁-၂၀၂၆) ရက်နေ့တွင် ပျဉ်းမကုန်းကျေးရွာ အ.ထ.က ကျောင်း၌ ကျောင်းကျန်းမာရေးဆောင်ရွက်ပေးခဲ့ရာ “မီးဖိုကြောင်းသုံးပစ္စည်းများ” ဆေးဖက်အသုံးဝင်ပုံအကြောင်းကို လူဦးရေ (၃၈၀)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား (၅၂)ဦး၊ မ (၅၄)ဦး၊ စုစုပေါင်း (၁၀၆)ဦး အားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


