ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၇-၁-၂၀၂၆) ရက်နေ့တွင် သပြုကွင်းကျေးရွာ အ.ထ.က ကျောင်း၌ ကျောင်းကျန်းမာရေးဆောင်ရွက်ပေးခဲ့ရာ “နနွင်း”၏ ဆေးဖက်အသုံးဝင်ပုံအကြောင်းကို လူဦးရေ (၃၅၀)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား (၁၆)ဦး၊ မ (၃၆)ဦး၊ စုစုပေါင်း (၅၂)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

