ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တိုင်းရင်း ဆေးကုဌာနမှ (၂၇-၁-၂၀၂၆) ရက်နေ့တွင် အိမ်မဲမြို့၊ ကျွဲလမ်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း သို့သွားရောက်၍ လူဦးရေ (၁၂၀)ဦးအား “မီးဖိုချောင်းသုံးဆေးဖက်ဝင် ပစ္စည်းများ အသုံးပြုပုံများအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး ကျား (၃၂)ဦး၊ မ (၃၈)ဦး၊ စုစုပေါင်း (၇၀)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

